Saturday, 14 January 2012

ပဉ္စမအကြိမ်မြောက် မလေးရှားနိုင်ငံ စာပေဟောပြောပွဲ





ဆရာကြီး ဦးအောင်သင်း၊ ဆရာမနုနုရည် (အင်းဝ)၊ ဆရာကျော်ဝင်း၊ ဆရာအော်ပီကျယ် တို့မှနေပြီး ဒီဇင်ဘာ ၂၅၊ ၂၀၁၁ တွင် မလေးရှားနိုင်ငံ ကေအယ်မှာ ဟောပြောခဲ့ကြတာပါ။ ဆရာ၊ ဆရာမတွေ တက်ညီလက်ညီဟောခဲ့ကြတာ အရမ်းကျေနပ်ဆရာကောင်းပါတယ်။ ဆရာကြီး ဦးအောင်သင်းဆိုရင် မတ်တပ်ရပ်ပြီး မဟောနိုင်တဲ့အတွက် ကုလားထိုင်နဲ့ ဟောရပါတယ်။ လာရောက်နားထောင်ကြသူများလည်း ခန်းမအပြည့်ဖြစ်သွားခဲ့ပြီး မလေးရှားမှာ အအောင်မြင်ဆုံး ဟောပြောပွဲတခုလို့ ဆိုရမလိုပါပဲ။

လာရောက်နားမထောင်နိုင်သူများနဲ့ အဝေးမှစာပေ၀ါသနာပါသူများ ပြန်နားထောင်လို့ရနိုင်အောင် အသံဖမ်းထားပေမယ့် အကြောင်းမညီညွတ်လို့ ဆရာကြီးဦးအောင်သင်းနဲ့ ဆရာမနုနုရည် (အင်းဝ) တို့ရဲ့ ဟောပြောမှုဖိုင် မရလိုက်ပါဘူး။ ဆရာကျော်ဝင်းနဲ့ ဆရာအော်ပီကျယ်တို့ရဲ့ အသံဖိုင်ပဲ တင်ပေးလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးဓလေ့နှင့် တတိယလှိုင်းအတွေ့ (ဦးကျော်ဝင်း)


ပြောင်းလဲခြင်း (ဦးအော်ပီကျယ်)



source... မောင်ပါလ (mgpala@gmail.com)

(စာပေဟောပြောပွဲ ဖိုင်အစုံရရှိလျှင် ဖြည့်စွက်ဖေါ်ပြပေးသွားပါမည်။ )
၉၁ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်
စာပေမြတ်နိုးသူများ စာပေဟောပြောပွဲ
Nagoya (japan)
27.11.2011

ဂျပန်နိုင်ငံ ရှိ စာပေမြတ်နိုးသူများမှ ဦးစီးကျင်းပတဲ့ ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ယနေ့ နေ့လည် ၁ နာရီအချိန်တွင် nagoya ရှိ  Hataraku Shito no Ue ခန်းမတွင်ကျင်းပရာ ဆရာမနုနုရည်အင်းဝမှ "ကျွန်မသိသောစာဖတ်ခြင်းနှင့် ကျွန်မသိသော မျိုးချစ်စိတ်" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) က" ကျောက်ဆောင်နှင့် မြေကြီး" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ရာ၊ နောက်ဆုံးအနေဖြင့် ဆရာ ချစ်ဦးညိုမှ  "Nagoya မှ ဒေါင်းများအတွက် စကားလက်ဆောင်" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ကြပါတယ်။ ထိုစာပေဟောပြောပွဲကို ဂျပန်နိုင်ငံရောက် မြန်မာများ အင်းအား ၁ဝဝ ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။
သတင်း။    ။ အလင်းအိမ်မီဒီယာ
ဓါတ်ပုံ။    ။ အေးသိုက်







ဆရာမနုနုရည်အင်းဝမှ "ကျွန်မသိသောစာဖတ်ခြင်းနှင့် ကျွန်မသိသော မျိုးချစ်စိတ်" ခေါင်းစဉ်ဖြင့် ဟောပြောချက်
Part (1)

Part (2)

Part (3)

Part (4)

Friday, 25 November 2011

၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေမြတ်နိုးသူများ စာပေဟောပြောပွဲ
20.11,2011
၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေမြတ်နိုးသူများ စာပေဟောပြောပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ ikebukuro အရပ်ရှိ  Kokaido-hall  ခမ်းမဆောင်၌ ယနေ့ညနေ ၅ နာရီ ၄ဝ မှ ည ၁၁ နာရီအထိ မြန်မာနိုင်ငံမှ နာမည်ကြီး စာရေးဆရာများဖြစ်ကြသော ဆရာချစ်ဦးညို၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နှင့် ဆရာမ နုနုရည် (အင်းဝ) တို့  ဟောပြောခဲ့ပါသည်။
    ပထမဦးစွာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)မှ 'ပန်းတိုင်ရှိရာ' ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး၊ ဆရာမ နုနုရည် (အင်းဝ)မှ 'ကျွန်မဖြစ်ချင်တဲ့ လူနှစ်ယောက်' ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ရာ
နောက်ဆုံးအနေဖြင့် ဆရာချစ်ဦးညိုမှ 'တကယ်ပြောင်းလဲပြီလား' ခေါင်းစဉ်ဖြင့် စာပေမြတ်နိုးသူများအကြိုက် ပွင့်လင်းစွာ ဟောပြောသွားခဲ့ကြပါသည်။

ဆရာမ နုနုရည် (အင်းဝ)မှ 'ကျွန်မဖြစ်ချင်တဲ့ လူနှစ်ယောက်'ဟောပြောချက်
part (1)

part (2)

part (3)

part (4)

part (5)

part (6)
ဆရာမ နုနုရည် (အင်းဝ) ကိုရီးယား စာပေဆွေးနွေးဝိုင်း ဟောပြောချက် အသံဖိုင်
̏ ကဗျာဆရာတယောက် မွေးဖွားခြင်း˝




30.10.2011
ကိုရီးယားနိုင်ငံ ဘူပြောင်းမြို့ရှိ မြန်မာသာသနာပြုကျောင်းတော်တွင် ဆရာမ နုနုရည် (အင်းဝ) နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံကာ စာပေဆွေးနွေးဝိုင်း ပြုလုပ်ခဲ့သည်။
ထိုစာပေ ဆွေးနွေးဝိုင်းတွင် ဆရာမ နုနုရည်(အင်းဝ)က ̏ ကဗျာဆရာတယောက် မွေးဖွားခြင်း˝ ဟူသည့် ခေါင်းစဉ်ဖြင့် ဟောပြော ခဲ့သည်။
နုနုရည်အင်းဝ - ရသစာပေ (အသုတ်)

နုနုရည်အင်းဝ - စာပေနှင့်ဘဝ  (London)